Information Technology

Setting up your domain name server

အလုပ်တွေ ရှုပ်နေတာနဲ့  ပြောလက်စ web hosting အကြောင်း မပြောဖြစ်တာ တော်တော် ကြာ သွားပြီ။ ဒီတစ်ပတ်တော့ နဲနဲ ဈာဉ်ဝင်လာတာနဲ့  ဆက်ရေးဦးမယ်။

ဒီတစ်ပတ်တော့ domain name server set up လုပ်တဲ့ အကြောင်း ပြောကြရအောင်။

Domain name server ဆိုတာက ကိုယ့်ဝက်ဆိုက် ဘယ်နေရာ၊ ဘယ် IP address၊ ဘယ်ဆာဗာ ပေါ်မှာ တင်ထားသလဲ ဆိုတာ ညွှန်ပြတဲ့ မာတိကာလို ဟာမျိုးပါ။ ဒီ information တွေကို name server တွေက သိမ်းပေး ထားတာပါ။

ကိုယ့် စိတ်ကြိုက် ဆိုက်နာမည်လဲ ရွေးပြီးသွားပြီ၊ ဒိုမိန်းလဲ ဝယ်ပြီသွုားပြီ၊ web hosting service မှာလဲ ဝယ်ပြီးသွားပြီဆို နောက်တစ်ခု လုပ်ဖို့  လိုတာကတော့ ကိုယ့် Domain Name Registrar ဆီမှာ ကိုယ့် ဆိုက်ရဲ့ DNS server ကို ပြောင်းဖို့  လိုပါတယ်။ တစ်ကယ်လို့  domain registrar နဲ့  web hosting service တစ်ခုထဲ ဆိုရင်တော့ ဘာမှ လုပ်စရာ မလိုပါ။ ကျွန်တော်ကတော့ သပ်သပ်ဆီ ထားတော့ ပြောင်းပေးရ ပါတယ်။ ပြောင်းတာလဲ မခက်ပါဘူး။ ကိုယ့် website sign up လုပ်တုန်းက ပို့ လိုက်တဲ့ email မှာ DNS server address ပါပါတယ်။ ဥပမာ ns1.mydomain.com လိုမျိုးပေါ့။ ပုံမှန် DNS name server နှစ်ခု ပေးလေ့ ရှိပါတယ်။ ကိုယ့် domain name registrar website မှာ “Change DNS server” or “Change Name server” ဆိုတာရှာ၊ ဒီနှစ်ခုကိုထည့်၊ ပြီး မူလက ပေးထားတဲ့ ဟာတွေ ဖြုတ်ပြစ်လိုက်၊ ပြီးပါပြီ။

DNS server ပြောင်းပြီးပေမယ့် မူလ နေရာ ဟောင်းကနေ နေရာသစ်ကို ရောက်ဖို့  ၂၄ နာရီ ကနေ ၄၈ နာရီ လောက် ကြာပါတယ်။ ဒီအတော အတွင်းမှာတော့ မူလ နေရာဟောင်းက ဆိုက်အဟောင်း ကိုပဲ ပြနေဦးမှာပါ။

Do you like this post? Perhaps you might want to subscribe to my blog.

Information Technology

Bamarlay now hosted on a new webhost

Bamarly.com has successfully moved to a new server. The migration took only one day, with no downtime. Within a few hours of name server change, my visitors can see the site on the new server. The new server is faster (16 CPU compared to 4 CPU of the previous server). The service provided by the support staff at the new web host is also excellent. Questions are answered promptly, within a few hours of ticket submission to the support team.

Bamarly.com is now proudly hosted by Host Gator. If you would like to have your own website, I highly recommend hostgator to you.

ဗမာလေး ဘလော့ကို web host အသစ်ပေါ် ပြောင်းလိုက်ပါပြီ။ အရင် web host က လေးပြီး ခဏခဏ off line ဖြစ်နေလို့ ပါ။ ပိုဆိုးတာက ခဏခဏ DNS ဆာဗာ ဒေါင်း နေတာပါ။ (ဒါက ရိုးရိုး ဆာဗာ ဒေါင်းတာထက် ပိုဆိုးပါတယ်)။ အဲဒါကြောင့် နောက်ဆုံး နောက် web host ကို ပြောင်းလိုက်ပါတယ်။

ပြောင်းတယ်ဆိုလို့  ဗမာလေးတင် မဟုတ်ပါဘူး။ သူနဲ့ အတူ တင်ထားတဲ့ အခြား ဆိုဒ်တွေပါ ပြောင်းတာပါ။ ဆိုဒ်တွေ အားလုံးက Reseller account ဝယ်ပြီး တင်ထားတာပါ။ တစ်လ ဒေါ်လာ ၂၀ ကျပါတယ်။ အခု အသစ်ကလဲ Reseller account ပါပဲ။ ၂၄ ဒေါ်လာ ပေးရပါတယ်။ 50 GB disk space နဲ့  တစ်လ 500 GB bandwidth ရပါတယ်။ လောလောဆယ်တော့ ကိုယ်ပိုင်ရော ရင်းနှီးတဲ့ သူငယ်ချင်း တွေရဲ့ ဆိုဒ်တွေရော ၁၀ ခု လောက် တင်ထားပါတယ်။ ကျွန်တော် Reseller account ဝယ်ထားတဲ့ web hosting service အသစ်ကတော့ Hostgator မှာပါ။ စိတ်ဝင်စား သူတွေ အောက်က Link မှာ sign up လုပ်နိုင်ပါတယ်။

Do you like this post? Perhaps you might want to subscribe to my blog.

Miscellaneous

Realm of Empires – a Facebook game

Recently, I was playing the online Facebook game, Realm of Empires. It really is a very addicting game. The developers claimed that they intend this game to be a 15 minute per day game. However, in my experience, I end up playing more than 15 minutes a day, sometimes waking up in the middle of night still playing this game.

The concept of this game is actually like Civilization game. However, it is a real time strategy game, with thousands of players (real human player) to compete with. The concept is to build your own empire, expand your empire, make friends and alliance to protect yourself from other hostile players, and survive.

You start the game with a small village in the chosen realm. Currently, there are two realms open to Facebook members. Realm 4 is an established realm while the Realm 5 is the realm for experienced players. For the new players, there is also a training realm where you can practice your skill and familiarize yourself with the concept and gameplay of this game.

There is a new player protection mode where new players are protected from attacks by old players. This usually last for a few days, during which time you can build up your defences. After this time, you are vulnerable from attacks from other players. The best way to protect yourself from such attacks is to join a powerful clan. You should try to join the clan that is strong near you. You won’t get much help from your clan members if they are far away from you.

After you build up enough troops, you can now attack abandoned villages near you. Pillaging these villages will give you gold much needed to build your structures. The goal is to build a palace to produce governors. Governors are used to take over other villages, so that you could expand your empire.

I started my empire in Realm 4. My starting village (now the Capital) is Hansawaddy at (-185, -198). I joined the clan Order of Knights. It is not a large clan but clan members are quite supportive. It is also strong near me so I feel safe around here. If you ever decide to play, you are invited to join our clan. Just message Rajadiraj and I will send the invite to you.

Here is where my village is:

Realm of Empire - my villages
Realm of Empire - my villages

Realm of Empire - my villages

This is what it’s look like. The large building in the background is my palace.

Realm of Empires - my capital Hansawaddi
Hansawaddi from Realm 4

Hansawaddi from Realm 4

OK, I now have 6 villages in my empire. Not bad but still far away from those players with 20+ villages.

I strongly encourage you to play the Realm of Empires in your face book. If you like Civilization, this game is for you.

The website of the game Realm of Empires is at http://www.realmofempires.com/. Once you register at this address, you will be directed to your facebook account. Just log in with your facebook account and you are ready to play.

Do you like this post? Perhaps you might want to subscribe to my blog.

Opinion

Visitor opinion on 2010 Myanmar election

Myanmar Today blog is currently running a visitor opinion survey on Myanmar’s upcoming election in 2010. The blog is running a poll on the topics that everybody is interested in:

  1. should NLD participate in 2010 election?
  2. will Myanmar’s 2010 election be free and fair?
  3. will NLD win, if it participates, in 2010 election?

Please visit opinion survey on Myanmar’s 2010 election on Myanmar Today blog and vote your opinion.

မြန်မာယနေ့  ဘလော့ပေါ်မှာ ၂၀၁၀ ခုနှစ် မြန်မာပြည် ရွေးကောက်ပွဲနဲ့  ပတ်သက်လို့  လာရောက် လည်ပတ် သူတွေရဲ့ သဘောထား အမြင်တွေကို သိရအောင် ဆာဗေး တစ်ခု တင်ထားပါတယ်။ လူတိုင်း သိချင် နေတဲ့ အချက်တွေ ဖြစ်တဲ့

  1. လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနေနဲ့  ဝင်ရောက် ယှဉ်ပြိုင် သင့်မသင့်
  2. လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ
  3. ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့ ချုပ်က ဝင်ပြိုင်ရင် အနိုင် ရနိုင်၊ မနိုင်

အစ ရှိတဲ့ မေးခွန်းတွေကို မေးမြန်း ထားပါတယ်။ ယခု အချိန်ထိ ဖြေဆို ပြီးသူ ၄၀ ကျော် ရှိပါပြီ။ အခုထိ ဘာတွေ ဖြေဆို ထားတယ် ဆိုတာ ကိုလဲ ချက်ချင်း ကြည့်ရှု နိုင်ပါတယ်။ ၂၀၁၀ မြန်မာ ရွေးကောက်ပွဲ အမြင် ဆိုတဲ့ နေရာမှား မဲပေး နိုင်ကြပါပြီ။

Do you like this post? Perhaps you might want to subscribe to my blog.

Miscellaneous

How to open a combination safe lock

မီးခံ သေတ္တာ သော့ဖွင့်တာ ရုပ်ရှင်တွေ ထဲမှာ တွေ့ ဖူးကြမှာပေါ့။ ဘယ်လို ဖွင့်ရလဲရော တစ်ခါလောက် တွေးကြည့် ဖူးကြရဲ့လား။ အောက်က ဗီဒီယိုက မီးခံ သေတ္တာ သော့ကို ဘယ်လို ဖွင့်ရလဲ ဆိုတာ ရှင်းပြထားတာ။ combination lock key and sequence သိတဲ့ သူတွေ ဖွင့်ဖို့ ပါ။ သူခိုးတွေ အတွက် မဟုတ်ပါဘူး။

ဖွင့်ပုံကတော့ ဘယ်ဖက်ကို ၄ ပတ်၊ ညာဖက် ၃ ပတ်၊ ဘယ်ဖက် ၂ ပတ်၊ နောက် ညာဖက်ကို တစ်ပတ်ပါ။

Do you like this post? Perhaps you might want to subscribe to my blog.

Miscellaneous, Myanmar

မြန်မာ လက်ဖက်ရည် ကောင်းကောင်း ဖျော်သောက်မယ်

ဒီတစ်ပတ်တော့ ပြည်ပရောက် မြန်မာ မိတ်ဆွေ တွေအတွက် မြန်မာပြည် အလွမ်းပြေ မြန်မာ လက်ဖက်ရည် ချိုချို ကျကျ ဖျော်နည်းလေး ကြားဖြတ်ပြီး လက်ဆောင်ပေး ချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် နေ့ တိုင်း ဖျော်သောက်နေကြပါ။ ကျွန်တော့် မိတ်ဆွေများလဲဗမာ လက်ဖက်ရည် ကောင်းကောင်း ကိုယ်တိုင် ဖျော်သောက်နိုင်အောင်ပါ။

မြန်မာ လက်ဖက်ရည် ကိုယ်တိုင် ဖျော်သောက်ဖို့  အတွက် လိုတာတွေ ကတော့ အရေးအကြီး ဆုံးက လက်ဖက်ခြောက်ပါ။ ပြည်ကရောက် မြန်မာတစ်ယောက် အတွက် မြန်မာ လက်ဖက်ခြောက် အချို ပြည်ပမှာ ဝယ်ရဖို့  ဆိုတာ သိပ်မလွယ်ပါ။ ဒါပေမယ့် အားမငယ် ပါနဲ့ ။မြန်မာ လက်ဖက် အချိုခြောက် ရှိမှ မြန်မာ လက်ဖက်ရည် ဖျော်သောက်လို့  ရတာ မဟုတ်ပါဘူး။ ပြည်ပမှာ အလွယ်တကူ ဝယ်လို့ ရတဲ့ Lipton လက်ဖက်ခြောက်နဲ့ လဲ ဖျော်သောက်လို့  ရပါတယ်။ ဒါပေမယ့် ရိုးရိုး Lipton မဟုတ်ပါဘူး။ English Breakfast Tea လို့  ခေါ်တဲ့ လက်ဖက်ခြောက် အမည်း (Black Tea) ကို ရှာဝယ်ရပါမယ်။ Super Market ကြီးတွေမှာ ဝယ်လို့ ရတတ်ပါတယ်။ ကောင်းကောင်း သောက်ချင်ရင်တော့ Twining English Breakfast Tea (သို့ ) Dilmah English Breakfast Tea (သို့ ) Dilmah Ceylon Origin ကို ရှာဝယ်သင့်ပါတယ်။ အထုပ်သေးလေး ၂၅ ထုပ်ပါတဲ့ တစ်ဘူးကို Thai Baht 140 – 200 လောက် ပေးရပါမယ်။ US$ သို့  Singapore dollar နဲ့ တော့ ကိုယ့်ဖာသာ တွက်ကြည့် ကြပါတော့။

twining english breakfast tea
twining english breakfast tea

နောက်တစ်ခုလိုတာ ကတော့ နို့ ဆီနဲ့  နို့ စိမ်းပါ။ ဒါကတော့ ရှာရ မခက်ပါဘူး။ နောက်ထက်လိုတာကတော့ လက်ဖက်ရည် နှပ်ဖို့  ရေနွေးကရားပါ။ ၂ ခွက် ၃ ခွက် ဖျော်စာ အနေတော်ဆို ရပါပြီ။ ကျွန်တော်ကတော့ လျှပ်စစ်နဲ့  တည်တဲ့ ရေနွေးကရားလေး ဝယ်ထားပါတယ်။ ဂက်စ် မီးဖိုနဲ့  သုံးမယ်ဆိုရင်တော့ ရိုးရိုး စတီးရေနွေးကရားလဲ ရပါတယ်။

နောက်ဆုံး လိုတာကတော့ လက်ဖက်ရည် သောက်ဖို့  ခွက်ပါ။ မြန်မာ ပြည်က ဆိုင်တွေမှာ သောက်တဲ့ ခွက်အသေး အရွယ်ဆို လက်ဖက်ခြောက် တစ်ထုပ်စာ အနေတော်ပါပဲ။ ဒီ့ထက် ကြီးရင် လက်ဖက်ရည်က သောက်လို့  မကောင်းတော့ပါဘူး။ ပေါ့သွားလို့ ပါ။

ကဲ၊ စဖျော်ကြရအောင်။ ပထမဆုံး လက်ဖက်ရည်ခွက်နဲ့  ရေကို ချင်ထဲ့ ရပါမယ်။ တစ်ခွက်အပြည့်နီးပါး ဆို တစ်ယောက်စာပါ။ ဒါမှ ကြိုပြီး ရင် သုံးပုံ နှစ်ပုံလောက် ကျန်ပါလိမ့်မယ်။

ကိုယ်လိုသလောက် ခွက်ချိန် ချိန်ပြီးရင် ရေနွေးကို ဆူအောင် အရင်ကြိုပါ။ ရေနွေးဆူပြီဆို လက်ဖက်ခြောက်ကို အထုပ်လိုက် တစ်ယောက် (တစ်ခွက်) တစ်ထုပ်နှုန်း ထည့်လိုက်ပါ။ ဖောက်မထဲ့ပဲ အထုပ်လိုက် ထည့်လဲ ရပါတယ်။ အထုပ်လိုက် ထည့်တော့ နောက်ဆေးရကြောရတာ သက်သာတာပေါ့။ ကျွန်တော်ကတော့ ဆေးရမှာ ပျင်းလို့  အထုပ်လိုက်ပဲ ထည့်တယ်။

ကောင်းပြီ။ လက်ဖက်ချောက် ထည့်ပြီးပြီ ဆိုရင် ဆူအောင် ထပ်တည်ပါ။ တည်တဲ့ ရေနွေးအိုးက လျှက်စစ်နဲ့  တည်တဲ့ အိုးဆိုရင် ခလုပ်ကလေး နှိပ်လိုက်ရုံပါ။ ဆူရင်သူ့ ဖာသာ ဖြတ်လိုက်ပါလိမ့်မယ်။ ဒါဆို လက်ဖက်ရည် နှပ်လို့ ရပြီ။

လက်ဖက်ရည်နှပ်ချိန်က ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀၊ လက်ဖက်ရည် ဖန်ဖန် ကျကျ သောက်ချင်ရင် တစ်နာရီ လောက်ထိ နှပ်နိုင်ပါတယ်။ ဒီလိုနှပ်ထားချိန်မှာ လက်ဖက်ရည် မအေးသွားအောင် ၃ ခါကနေ ၅ ခါ မထိ ဆူအောင် ပြန်တည်ပေးပါ။ ဒီ့ထက် ပိုများများ ဆူအောင် တည်ရင် ရေခမ်းသွားပါလိမ့်မယ်။

နောက်ဆုံး တစ်ခေါက် ဆူအောင် တည်ပြီးရင် လက်ဖက်ရည် ဖျော်လို့  ရပါပြီ။ အရင် နို့ ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ခွက်ထဲ အရင် ထည့်ပါ။ ချိုချို သောက်ချင်ရင်တော့ ၁ ဇွန်းခွဲ ဒါမှမဟုတ် နှစ်ဇွန်းပေါ့။ ပြီးရင် ခုနက ဆူပြီးတဲ့ ကျရေကို ခွက်ထဲ လောင်းထည့်လိုက်ပါ။ ပွက်ပွက်ဆူ နေတုန်း မလောင်းထည့်ပါနဲ့ ။ အပူလောင်မှာ စိုးလို့ ပါ။ ဒါဆို လက်ဖက်ရည် ခွက်နဲ့  ၃ ပုံ ၂ ပုံ လောက် ရပါပြီ။ ဒီအထဲကိုမှ နို့ စိမ်း ကိုယ် ကြိုက်သလောက် ထည့်၊ ဒါဆို မြန်မာ လက်ဖက်ရည် ချိုချို ကျကျ ပြစ်ပြစ် ရပါပြီ။

ဒီ ပိုစ့်ကို မြန်မာ URL နဲ့  စမ်းတင်ကြည့်တယ်။ ရမရတော့ မသိသေးဖူး။ တင်ပြီးမှပဲ သိရမှာပဲ။ Firefox မှာဆို မြန်မာလို URL ပေါ်ပါတယ်။ ဒါပေမယ့် Internet Explorer, Apple Safari, Google Chrome မှာဆို မြန်မာလို URL မပေါ်ပါ။

Do you like this post? Perhaps you might want to subscribe to my blog.

Information Technology

Domain name registration

ဒီတစ်ပတ်တော့ domain name registration လုပ်တဲ့ အကြောင်း ပြောကြရအောင်။ Domain name registration လုက်ဖို့ အတွက် domain registrar ဆီမှာ ဒိုမိန်း အမည် ဝယ်ဖို့ လိုပါတယ်။ Domain name registrar တွေ အများကြီးပါ။ ကျွန်တော် ကတော့ domainsite.com ကနေ domain name တွေ ဝယ်ပါတယ်။ ဈေးကတော့ တစ်နှစ်ကို US$ 8.88 ပါ။ ဒါကို credit card or paypal နဲ့  ပေးလို့  ရပါတယ်။

ဒီ domainsite.com ကို သုံးဖို့ အတွက် ပထမဆုံး ကိုယ့် email address နဲ့  account ဖွင့်ဖို့  လိုပါတယ်။ account ဖွင့်ပြီးရင် ကိုယ် ဝယ်ချင်တဲ့ domain name ကို လွတ်မလွတ် ကြည့်ပြီး လွတ်ရင် ငွေချေ ရုံပါပဲ။ ဘာမှ မခက်ပါဘူး။

Domain registration လုပ်ဖို့  ပထမဆုံး Register a domain ဆိုတဲ့ link ကို အရင် ဝင်ရပါမယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ domain name ကို search box ထဲ ရိုက်ထဲ့၊ ကိုယ်လိုချင်တဲ့ domain extension (.com, .net, .info) ကိုရွေး၊ ပြီး GO ကိုနှိပ်လိုက်။ အဲဒီအခါ ဘယ် domain တွေ လွတ်လဲဆိုတာ ပြပါလိမ့်မယ်။ အဲဒီ ထဲကမှ ကိုယ်ဝယ်ချင်တဲ့ domain name ကို ရွေးပါ။ ပြီး Add to cart ကို နှိပ်လိုက်ရင် confirmation screen ပေါ်လာ ပါလိမ့်မယ်။ ကိုယ် ဘယ်နှစ်နှစ် ဝယ်မလဲ ရွေးပြီး ငွေချေရုံပါပဲ။ ဒီမှာ Add hidden whois service ဆိုတာက ဒီ ဒိုမိန်းကို ကိုယ်ဝယ်ထားတာ လူမသိ စေချင်ရင် ပိုင်ရှင် နာမည် ဝှက်ထားနိုင်ပါတယ်။ ဒီ့အတွက်က တစ်နှစ်ကို US$ 0.50 ပါ။

Search your domain name
Search your domain name
Choose your domain name
Choose your domain name
Register your domain
Register your domain

ဒီ domainsite.com ကနေ .mm domain တွေကိုတော့ ဝယ်လို့  မရပါဘူး။ ဒီ .mm domain တွေရဲ့ ပိုင်ရှင်က မြန်မာ့ ဆက်သွယ်ရေး (အရင်ကတော့ ပုဂံနက်) ဖြစ်လို့  ဒီ .mm တွေ လိုချင်ရင်တော့ မြန်မာ့ ဆက်သွယ်ရေးကို စုံစမ်းကြည့်ပါ။

နောက်တစ်ပတ်တော့ web hosting အကြောင်း မပြောမီ ပြည်ပရောက် မြန်မာ များအတွက်  မြန်မာ လက်ဖက်ရည် ကောင်းကောင်း ဘယ်လို ဖျော်ရမလဲ ဆိုတာ ကြားဖြတ်ပြီး ပြောပါ့မယ်။ အဝေးရောက် မြန်မာများ အမိမြေ အလွမ်းပြေ လက်ဖက်ရေ ဖျော်သောက် ရအောင်ပါ။

Do you like this post? Perhaps you might want to subscribe to my blog.

Information Technology

Signing up for web hosting

ကဲ၊ ဒီအပတ်တော့ web site sign up လုပ်တဲ့ အကြောင်း ပြောကြရအောင်။ စိတ်ကြိုက် web hosting server ကို ရွေးပြီးပြီ ဆိုပါစို့ ။ ဒါဆို နောက်တစ်ဆင့် အနေနဲ့  sign up လုပ်ဖို့ ပါ။ sign up မလုပ်ခင် အောက်ပါ အချက် တွေကို အရင် စဉ်းစား သင့်ပါတယ်။

၁။ domain name registration ကို သတ်သတ် လုပ်မလား၊ web hosting provider ကပေးတဲ့ ဆားဗစ် ကိုပဲ သုံးမလား။

အများအားဖြင့် web host provider တွေက domain registration ကို အခမဲ့ (သို့ ) လျှော့ဈေးနဲ့  ပေးလေ့ ရှိပါတယ်။ ဒါပေမယ့် domain name registration ကို hosting company က ကိုင်ထားတာ ဆိုတော့ အကယ်လို့  hosting provider ကို မကြိုက်လို့  ပြောင်းချင်တယ်ဆို ပြောင်းရ ခက်ပါတယ်။ ကိုယ့်ဖာသာ domain registration လုပ်တာက နည်းနည်း ဈေးကြီး ပေမယ့် web host provider ကို မကြိုက်လို့  ပြောင်းချင်ရင် အချိန်မရွေး အလွယ်တကူ ပြောင်းလို့  ရပါတယ်။ ကျွန်တော် ကတော့ web hosting သပ်သပ်၊ domain registration သပ်သပ် ထားတာပဲ သဘော ကျပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲ သပ်သပ်စီပဲ ထားပါတယ်။ ကုန်ကျ စားရိတ် ချင်းလဲ သိပ်မကွာ ပါဘူး။

၂။ payment ကို ဘယ်လို method သုံးမလဲ။

Payment method  အမျိုးမျိုး ရှိပါတယ်။ master card, visa card, paypal တို့ ကတော့ အသုံး အများဆုံး နည်းလမ်း တွေပါ။ ဒီအထဲမှာ ကျွန်တော် ကတော့ paypal ကို သဘော ကျပါတယ်။ ဒါကလဲ အကြောင်းကြောင်း ကြောင့် web host ပြောင်းချင်တယ် ဆိုရင် credit card သုံးခဲ့ရင် တစ်ခါတစ်လေ credit card cancel လုပ်ရတာ ခက်ပါတယ်။ ကိုယ်က payment cancel လုပ်ထားရော၊ ဒါပေမယ့် web host က ကိုယ့် credit card ကနေ ပိုက်ဆံ ဆက်ဖြတ် နေတာကို ကြုံရ တတ်ပါတယ်။ ပြီးတော့ paypal သုံးတော့ ကိုယ့် ကတ် နံပတ်လဲ လုံခြုံပါတယ်။ မယုံ မရှိပါနဲ့ ။ web hosting provider လောကမှာ မလိမ့် တစ်ပတ် လုပ်တာတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင် တစ်ခါ ခံခဲ့ရ ဖူးလို့ ပါ။

၃။ ဘယ်နှစ်လစာ ဝယ်မလဲ။

Web hosting တော်တော် များများက တစ်နှစ်စာ အပြတ် ငွေချေရင် ဈေး လျှော့ပေး တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အားမပေးပါ။ တစ်ခါခံရ ဖူးကတဲက မှတ်သွားလို့ ပါ။ တစ်နှစ်စာ ငွေချေလိုက်တာ နှစ်ပတ်နေတော့ ဘာအကြောင်း ပြချက်မှ ရေရေ ရာရာ မပေးဘဲ suspend လုပ်လိုက်ရော။ ဒါနဲ့  host provider ကို ဆက်သွယ်တော့ passport copy ပေးရမယ်၊ ဘာပေးရမယ်ဆိုပြီး ရှောက်ပြောတာ ကြုံရဖူး လို့ ပါ။ ဒါ့ကြောင့် အခုတော့ web host ဝယ်ရင် လပေးပဲ ပေးတော့တယ်။ တစ်လတစ်ခါ paypal နဲ့  ငွေချေတယ်။ ဘာပြဿနာမှ မရှိတော့ဘူး။

ကဲ – ဒီအပတ်တော့ ဒီလောက်ပါပဲ။ နောက်အပတ်မှ domain name registration အကြောင်း ဆက်ပြောပါ့မယ်။

Do you like this post? Perhaps you might want to subscribe to my blog.

Information Technology

Server load and CPU usage

ဒီ server load နဲ့  CPU usage policy ဆိုတာက web hosting provider တွေရဲ့ ဝှက်ဖဲပါပဲ။ ဒီနှစ်ခုက web hosting provider အများစု တိတိကျကျ ဖော်ပြလေ့ မရှိတဲ့ အရာတွေပါ။ အနည်းအကျဉ်းသော ဆားဗစ်တွေပဲ ဒါကို သေသေချာချာ ဖော်ပြကြပါတယ်။ ဒါတောင်မှ TOS (Term of Service) ထဲက မထင်မရှား နေရာလေးမှာ ဖော်ပြ ထားတာပါ။ တော်တော် များများ ကဆို လုံးဝကို မပြော ကြတာပါ။ ဒါကလဲ အကြောင်းရှိပါတယ်။ သူတို့ က Disk storage space and bandwidth ကို အများကြီး (သို့ ) အကန့် အသတ် မရှိ ပေးထားတော့ တစ်ခြား တစ်ဖက်ကနေ ပြန်ထိန်း ထားတာပါ။ လူဝင်များတဲ့ ဆိုဒ်တွေဆို ဒီ ပေါ်လစီကို သုံးပြီး upgrade လုပ်ခိုင်း တော့တာပါပဲ။ နမူနာ အနေနဲ့  အခု ကျွန်တာ် သုံးနေတဲ့ web host ရဲ့ CPU usage and server load policy ကို အောက်မှာ ဖော်ပြ လိုက်ပါတယ်။

Server Limits
25% cpu and or memory for 3 minutes.
Combined 5% CPU & RAM over 24 hours.
250 email limit per domain per hour.
50 concurrent database connections at one time.
Apache threads to be open no longer then 999 seconds.
Php upload limit of 15 megs.
Max php session time of 300 seconds or less.
Limits are subject to change at anytime.

အပေါ်မှာ ပြထားတဲ့ အတိုင်းပဲ CPU ရဲ့ ၂၀% ကို ၃ မိနစ် ထက် ပိုပြီး သုံးမိရင် ဆိုဒ် အပိတ်ခံရပါ့မယ် (suspended)။ တစ်ခါ တစ်ရက်လုံး (၂၄ နာရီ) မှာ ၅% ထက် ပိုသုံးမိ ရင် လဲ အပိတ် ခံရပါမယ်။ ဒါကို ကျွန်တော် ပြန်ရှင်းပြ ပါ့မယ်။

Web page တစ်ခုကို ကြည့်တိုင်း ကြည့်တိုင်း CPU ကို သုံးရပါတယ်။ သာမန် html static pages တွေ ကြည့်ရင် CPU သိပ်မသုံး ပေမယ့် PHP တို့ ၊ ASP တို့ လို server side script တွေ သုံးတဲ့ ဝက်ဆိုဒ်တွေ ဆိုရင်တော့ CPU usage တစ်အား တက်ပါတယ်။ ဥပမာ အခု ခင်ဗျားတို့  ကြည့်နေတဲ့ ကျွန်တော့် ဗမာလေး ဆိုဒ်ဆို လူတစ်ယောက် ဝင်ကြည့်တိုင်း CPU ၅၀ – ၆၀ % လောက် သုံးပါတယ်။ဒါပေမယ့် ၀.၁ စက္ကန့်  လောက်ပဲ သုံးတာပါ။ တစ်နေ့ မှ လူ ၁၀၀ – ၂၀၀ လောက်ဝင်ကြည့်ရင် ပြဿနာ မရှိပေမယ့် လူ ၄၀၀ -၅၀၀ လောက်ဆို ပြဿနာ ရှိလာ နိုင်ပါတယ်။ ဒီလို အခါမျိုး ကျရင် ဆာဗာက ခုန ပေါ်လဆီကို အကြောင်းပြပြီး suspend လုပ်ချ လိုက်တာပါပဲ။ ဒါမှလဲ heavy ဖြစ်တဲ့ ဆိုဒ်တွေ (အမြတ် မထွက်တဲ့ ဆိုဒ်တွေ) ကို ဖြုတ်ပစ် နိုင်မှာလေ။

Unlimited disk space and bandwidth ဆိုတိုင်း ရမ်း မယုံ ကြပါနဲ့ ။ TOS ကိုလဲ သေသေ ချာချာ ကြည့်ကြပါဦး။ TOS မှာ ပြထားတဲ့ CPU usage policy နဲ့  server load policy ကို သေသေ ချာချာ ဖတ်ပြီးမှ ဆုံးဖြတ်ကြပါ။

ကဲ – နောက်အပတ်မှ web site sign up လုပ်တဲ့ အကြောင်း ဆက်ပြော ကြရအောင်။

Do you like this post? Perhaps you might want to subscribe to my blog.

Information Technology

Web hosting basic – disk space and bandwidth

အရင် အပါတ်က web hosting service ကို ဘယ်လို ရွေးချယ် ရမလဲ ဆိုတာ ပြောခဲ့ပါတယ်။ ဒီတစ်ပါတ်တော့ နောက်အရေးကြီးတဲ့ disk space and bandwidth အကြောင်း ပြောကြရ အောင်။

Web hosting service ရွေးတဲ့ အခါမှာ အဲဒီ ဆားဗစ်က disk storage ဘယ်လောက် ပေးလဲဆိုတာလဲ အရေးကြီးပါတယ်။ အများအားဖြင့်တော့ ၂၅၀ ဒါမှမဟုတ် ၅၀၀ MB ပေးတာ များပါတယ်။ ဒီ storage ဟာ သာမန် ဝက်ဆိုက် တစ်ခု အတွက်တော့ ကောင်းကောင်း လုံလောက်ပါတယ်။

သူ့ ထက် အရေးကြီးတာကတော့ bandwidth ပါ။ Bandwidth ဆိုတာက တစ်လကို ဘယ်လောက် ဒေတာ  download လုပ်နိုင်လဲ ဆိုတာပါ။ webpage တစ်ခုကို ဝင်ကြည့်တိုင်း ဝက်ဆာဗာကနေ ဒေတာတွေ ဒေါင်းလုဒ် လုပ်ယူ ရပါတယ်။ ဒီလို ဒေါင်းလုဒ် လုပ်ရင် လုပ်သလောက်၊ webpage size ကြီးရင် ကြီးသလောက် bandwidth စားပါတယ်။ web hosting service များစုက ၂.၅ ကနေ ၅ GB အတွင်းပေးကြပါတယ်။ ဒီ bandwidth ဟာ သာမန် ဝက်ဆိုက် အသေးလေး တစ်ခုအတွက် လုံလောက်ပေမယ့် ကိုယ့်ဆိုက်ကို လူသိများ လာပြီ ဆိုရင်တော့ မလောက်တော့ ပါဘူး။ တစ်နေ့ ကို page view ၅၀၀ လောက်ဆို ၅ GB က အသာလေး ကုန်တာပါပဲ။ အခု လူဖတ်များတဲ့ မြန်မာ ဘလော့ တွေဟာ ဒီ့ထက်မက လူဝင်ပါတယ်။  ပုံတွေ များများပါတဲ့ စာမျက်နှာ တွေဆို page view တစ်ရက် ၅၀၀ တောင်မခံပါဘူး။

အခုတစ်လော နာမည်ကြီး web hosting services တွေက unlimited bandwidth and unlimited storage ဆိုပြီး ပေးလာကြပါတယ်။ ဒါမျိုးက reseller မှာ မရနိုင်ပါဘူး။ main host မှာပဲ ရနိုင်ပါတယ်။ ဖြစ်နိုင်ရင် တော့ ဒီလို unlimited storage and bandwidth ပေးတဲ့ ဆားဗစ်မျိုး ရှာသင့်ပါတယ်။

ကဲ – နောက်တစ်ပါတ်မှ နောက်အရေးကြီးပြီး web hosting service အများစုရဲ့ ဝှက်ဖဲဖြစ်တဲ့ server load and CPU usage အကြောင်း ဆက်ရှင်းပြပါ့မယ်။

Do you like this post? Perhaps you might want to subscribe to my blog.