Information Technology

Setting up your domain name server

အလုပ်တွေ ရှုပ်နေတာနဲ့  ပြောလက်စ အကြောင်း မပြောဖြစ်တာ တော်တော် ကြာ သွားပြီ။ ဒီတစ်ပတ်တော့ နဲနဲ ဈာဉ်ဝင်လာတာနဲ့  ဆက်ရေးဦးမယ်။

ဒီတစ်ပတ်တော့ domain name server set up လုပ်တဲ့ အကြောင်း ပြောကြရအောင်။

Domain name server ဆိုတာက ကိုယ့်ဝက်ဆိုက် ဘယ်နေရာ၊ ဘယ် IP address၊ ဘယ်ဆာဗာ ပေါ်မှာ တင်ထားသလဲ ဆိုတာ ညွှန်ပြတဲ့ မာတိကာလို ဟာမျိုးပါ။ ဒီ information တွေကို name server တွေက သိမ်းပေး ထားတာပါ။

ကိုယ့် စိတ်ကြိုက် ဆိုက်နာမည်လဲ ရွေးပြီးသွားပြီ၊ ဒိုမိန်းလဲ ဝယ်ပြီသွုားပြီ၊ web hosting service မှာလဲ ဝယ်ပြီးသွားပြီဆို နောက်တစ်ခု လုပ်ဖို့  လိုတာကတော့ ကိုယ့် Domain Name Registrar ဆီမှာ ကိုယ့် ဆိုက်ရဲ့ DNS server ကို ပြောင်းဖို့  လိုပါတယ်။ တစ်ကယ်လို့  domain registrar နဲ့  web hosting service တစ်ခုထဲ ဆိုရင်တော့ ဘာမှ လုပ်စရာ မလိုပါ။ ကျွန်တော်ကတော့ သပ်သပ်ဆီ ထားတော့ ပြောင်းပေးရ ပါတယ်။ ပြောင်းတာလဲ မခက်ပါဘူး။ ကိုယ့် website sign up လုပ်တုန်းက ပို့ လိုက်တဲ့ email မှာ DNS server address ပါပါတယ်။ ဥပမာ ns1.mydomain.com လိုမျိုးပေါ့။ ပုံမှန် DNS name server နှစ်ခု ပေးလေ့ ရှိပါတယ်။ ကိုယ့် domain name registrar website မှာ “Change DNS server” or “Change Name server” ဆိုတာရှာ၊ ဒီနှစ်ခုကိုထည့်၊ ပြီး မူလက ပေးထားတဲ့ ဟာတွေ ဖြုတ်ပြစ်လိုက်၊ ပြီးပါပြီ။

DNS server ပြောင်းပြီးပေမယ့် မူလ နေရာ ဟောင်းကနေ နေရာသစ်ကို ရောက်ဖို့  ၂၄ နာရီ ကနေ ၄၈ နာရီ လောက် ကြာပါတယ်။ ဒီအတော အတွင်းမှာတော့ မူလ နေရာဟောင်းက ဆိုက်အဟောင်း ကိုပဲ ပြနေဦးမှာပါ။

Related posts:

  1. Domain name registration ဒီတစ်ပတ်တော့ domain name registration လုပ်တဲ့ အကြောင်း ပြောကြရအောင်။ Domain name...
  2. Server load and CPU usage ဒီ server load နဲ့  CPU usage policy ဆိုတာက web...
  3. FileZilla – Best Free FTP Client If you ever set up your own website with a...
  4. Bamarlay now hosted on a new webhost Bamarly.com has successfully moved to a new server. The migration...
  5. Finding a good web host ဒီအပတ်တော့ web hosting ကောင်းကောင်း ဘယ်လို ရှာမလဲ ဆိုတာ ပြောပါ့မယ်။ Web hosting...

Do you like this post? Perhaps you might want to subscribe to my blog.

some posts that may be related

1 Comment

speak up

Add your comment below, or trackback from your own site.

Subscribe to these comments.

Be nice. Keep it clean. Stay on topic. No spam.

You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*Required Fields

Spam Protection by WP-SpamFree