အရင် အပါတ်က web hosting service ကို ဘယ်လို ရွေးချယ် ရမလဲ ဆိုတာ ပြောခဲ့ပါတယ်။ ဒီတစ်ပါတ်တော့ နောက်အရေးကြီးတဲ့ disk space and bandwidth အကြောင်း ပြောကြရ အောင်။
Web hosting service ရွေးတဲ့ အခါမှာ အဲဒီ ဆားဗစ်က disk storage ဘယ်လောက် ပေးလဲဆိုတာလဲ အရေးကြီးပါတယ်။ အများအားဖြင့်တော့ ၂၅၀ ဒါမှမဟုတ် ၅၀၀ MB ပေးတာ များပါတယ်။ ဒီ storage ဟာ သာမန် ဝက်ဆိုက် တစ်ခု အတွက်တော့ ကောင်းကောင်း လုံလောက်ပါတယ်။
သူ့ ထက် အရေးကြီးတာကတော့ bandwidth ပါ။ Bandwidth ဆိုတာက တစ်လကို ဘယ်လောက် ဒေတာ download လုပ်နိုင်လဲ ဆိုတာပါ။ webpage တစ်ခုကို ဝင်ကြည့်တိုင်း ဝက်ဆာဗာကနေ ဒေတာတွေ ဒေါင်းလုဒ် လုပ်ယူ ရပါတယ်။ ဒီလို ဒေါင်းလုဒ် လုပ်ရင် လုပ်သလောက်၊ webpage size ကြီးရင် ကြီးသလောက် bandwidth စားပါတယ်။ web hosting service များစုက ၂.၅ ကနေ ၅ GB အတွင်းပေးကြပါတယ်။ ဒီ bandwidth ဟာ သာမန် ဝက်ဆိုက် အသေးလေး တစ်ခုအတွက် လုံလောက်ပေမယ့် ကိုယ့်ဆိုက်ကို လူသိများ လာပြီ ဆိုရင်တော့ မလောက်တော့ ပါဘူး။ တစ်နေ့ ကို page view ၅၀၀ လောက်ဆို ၅ GB က အသာလေး ကုန်တာပါပဲ။ အခု လူဖတ်များတဲ့ မြန်မာ ဘလော့ တွေဟာ ဒီ့ထက်မက လူဝင်ပါတယ်။ ပုံတွေ များများပါတဲ့ စာမျက်နှာ တွေဆို page view တစ်ရက် ၅၀၀ တောင်မခံပါဘူး။
အခုတစ်လော နာမည်ကြီး web hosting services တွေက unlimited bandwidth and unlimited storage ဆိုပြီး ပေးလာကြပါတယ်။ ဒါမျိုးက reseller မှာ မရနိုင်ပါဘူး။ main host မှာပဲ ရနိုင်ပါတယ်။ ဖြစ်နိုင်ရင် တော့ ဒီလို unlimited storage and bandwidth ပေးတဲ့ ဆားဗစ်မျိုး ရှာသင့်ပါတယ်။
ကဲ – နောက်တစ်ပါတ်မှ နောက်အရေးကြီးပြီး web hosting service အများစုရဲ့ ဝှက်ဖဲဖြစ်တဲ့ server load and CPU usage အကြောင်း ဆက်ရှင်းပြပါ့မယ်။
Related posts:
- Web hosting for Myanmar There are very few articles written about web hosting...
- Signing up for web hosting ကဲ၊ ဒီအပတ်တော့ web site sign up လုပ်တဲ့ အကြောင်း ပြောကြရအောင်။ စိတ်ကြိုက်...
- Finding a good web host ဒီအပတ်တော့ web hosting ကောင်းကောင်း ဘယ်လို ရှာမလဲ ဆိုတာ ပြောပါ့မယ်။ Web hosting...
- Server load and CPU usage ဒီ server load နဲ့  CPU usage policy ဆိုတာက web...
- Web hosting services from Myanmar www.idealmyanmar.com – A web hosting service from Myanmar but the...
Do you like this post? Perhaps you might want to subscribe to my blog.
Web Hosting နဲ့ ပတ်သတ်လို့ သိခွင့်ရလိုက်ပါတယ် ။
ကျေးဇူးတင်ပါတယ် ။ မသိတာလေးတွေလည်း..လာဖတ်ပါဦးမယ် ။
Reply