Information Technology

Signing up for web hosting

ကဲ၊ ဒီအပတ်တော့ web site sign up လုပ်တဲ့ အကြောင်း ပြောကြရအောင်။ စိတ်ကြိုက် server ကို ရွေးပြီးပြီ ဆိုပါစို့ ။ ဒါဆို နောက်တစ်ဆင့် အနေနဲ့  sign up လုပ်ဖို့ ပါ။ sign up မလုပ်ခင် အောက်ပါ အချက် တွေကို အရင် စဉ်းစား သင့်ပါတယ်။

၁။ domain name registration ကို သတ်သတ် လုပ်မလား၊ web hosting provider ကပေးတဲ့ ဆားဗစ် ကိုပဲ သုံးမလား။

အများအားဖြင့် web host provider တွေက domain registration ကို အခမဲ့ (သို့ ) လျှော့ဈေးနဲ့  ပေးလေ့ ရှိပါတယ်။ ဒါပေမယ့် domain name registration ကို hosting company က ကိုင်ထားတာ ဆိုတော့ အကယ်လို့  hosting provider ကို မကြိုက်လို့  ပြောင်းချင်တယ်ဆို ပြောင်းရ ခက်ပါတယ်။ ကိုယ့်ဖာသာ domain registration လုပ်တာက နည်းနည်း ဈေးကြီး ပေမယ့် web host provider ကို မကြိုက်လို့  ပြောင်းချင်ရင် အချိန်မရွေး အလွယ်တကူ ပြောင်းလို့  ရပါတယ်။ ကျွန်တော် ကတော့ web hosting သပ်သပ်၊ domain registration သပ်သပ် ထားတာပဲ သဘော ကျပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲ သပ်သပ်စီပဲ ထားပါတယ်။ ကုန်ကျ စားရိတ် ချင်းလဲ သိပ်မကွာ ပါဘူး။

၂။ payment ကို ဘယ်လို method သုံးမလဲ။

Payment method  အမျိုးမျိုး ရှိပါတယ်။ master card, visa card, paypal တို့ ကတော့ အသုံး အများဆုံး နည်းလမ်း တွေပါ။ ဒီအထဲမှာ ကျွန်တော် ကတော့ paypal ကို သဘော ကျပါတယ်။ ဒါကလဲ အကြောင်းကြောင်း ကြောင့် web host ပြောင်းချင်တယ် ဆိုရင် credit card သုံးခဲ့ရင် တစ်ခါတစ်လေ credit card cancel လုပ်ရတာ ခက်ပါတယ်။ ကိုယ်က payment cancel လုပ်ထားရော၊ ဒါပေမယ့် web host က ကိုယ့် credit card ကနေ ပိုက်ဆံ ဆက်ဖြတ် နေတာကို ကြုံရ တတ်ပါတယ်။ ပြီးတော့ paypal သုံးတော့ ကိုယ့် ကတ် နံပတ်လဲ လုံခြုံပါတယ်။ မယုံ မရှိပါနဲ့ ။ web hosting provider လောကမှာ မလိမ့် တစ်ပတ် လုပ်တာတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင် တစ်ခါ ခံခဲ့ရ ဖူးလို့ ပါ။

၃။ ဘယ်နှစ်လစာ ဝယ်မလဲ။

Web hosting တော်တော် များများက တစ်နှစ်စာ အပြတ် ငွေချေရင် ဈေး လျှော့ပေး တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အားမပေးပါ။ တစ်ခါခံရ ဖူးကတဲက မှတ်သွားလို့ ပါ။ တစ်နှစ်စာ ငွေချေလိုက်တာ နှစ်ပတ်နေတော့ ဘာအကြောင်း ပြချက်မှ ရေရေ ရာရာ မပေးဘဲ suspend လုပ်လိုက်ရော။ ဒါနဲ့  host provider ကို ဆက်သွယ်တော့ passport copy ပေးရမယ်၊ ဘာပေးရမယ်ဆိုပြီး ရှောက်ပြောတာ ကြုံရဖူး လို့ ပါ။ ဒါ့ကြောင့် အခုတော့ web host ဝယ်ရင် လပေးပဲ ပေးတော့တယ်။ တစ်လတစ်ခါ paypal နဲ့  ငွေချေတယ်။ ဘာပြဿနာမှ မရှိတော့ဘူး။

ကဲ – ဒီအပတ်တော့ ဒီလောက်ပါပဲ။ နောက်အပတ်မှ domain name registration အကြောင်း ဆက်ပြောပါ့မယ်။

Related posts:

  1. Domain name registration ဒီတစ်ပတ်တော့ domain name registration လုပ်တဲ့ အကြောင်း ပြောကြရအောင်။ Domain name registration...
  2. Web hosting for Myanmar There are very few articles written about web hosting in...
  3. Web hosting basic – disk space and bandwidth အရင် အပါတ်က web hosting service ကို ဘယ်လို ရွေးချယ် ရမလဲ ဆိုတာ...
  4. Server load and CPU usage ဒီ server load နဲ့  CPU usage policy ဆိုတာက web...
  5. Setting up your domain name server အလုပ်တွေ ရှုပ်နေတာနဲ့  ပြောလက်စ web hosting အကြောင်း မပြောဖြစ်တာ တော်တော် ကြာ သွားပြီ။ ဒီတစ်ပတ်တော့ နဲနဲ...

Do you like this post? Perhaps you might want to subscribe to my blog.

some posts that may be related

2 Comments

speak up

Add your comment below, or trackback from your own site.

Subscribe to these comments.

Be nice. Keep it clean. Stay on topic. No spam.

You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*Required Fields

Spam Protection by WP-SpamFree