ဒီတစ်ပတ်တော့ domain name registration လုပ်တဲ့ အကြောင်း ပြောကြရအောင်။ Domain name registration လုက်ဖို့ အတွက် domain registrar ဆီမှာ ဒိုမိန်း အမည် ဝယ်ဖို့ လိုပါတယ်။ Domain name registrar တွေ အများကြီးပါ။ ကျွန်တော် ကတော့ domainsite.com ကနေ domain name တွေ ဝယ်ပါတယ်။ ဈေးကတော့ တစ်နှစ်ကို US$ 8.88 ပါ။ ဒါကို credit card or paypal နဲ့  ပေးလို့  ရပါတယ်။
ဒီ domainsite.com ကို သုံးဖို့ အတွက် ပထမဆုံး ကိုယ့် email address နဲ့  account ဖွင့်ဖို့  လိုပါတယ်။ account ဖွင့်ပြီးရင် ကိုယ် ဝယ်ချင်တဲ့ domain name ကို လွတ်မလွတ် ကြည့်ပြီး လွတ်ရင် ငွေချေ ရုံပါပဲ။ ဘာမှ မခက်ပါဘူး။
Domain registration လုပ်ဖို့  ပထမဆုံး Register a domain ဆိုတဲ့ link ကို အရင် ဝင်ရပါမယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ domain name ကို search box ထဲ ရိုက်ထဲ့၊ ကိုယ်လိုချင်တဲ့ domain extension (.com, .net, .info) ကိုရွေး၊ ပြီး GO ကိုနှိပ်လိုက်။ အဲဒီအခါ ဘယ် domain တွေ လွတ်လဲဆိုတာ ပြပါလိမ့်မယ်။ အဲဒီ ထဲကမှ ကိုယ်ဝယ်ချင်တဲ့ domain name ကို ရွေးပါ။ ပြီး Add to cart ကို နှိပ်လိုက်ရင် confirmation screen ပေါ်လာ ပါလိမ့်မယ်။ ကိုယ် ဘယ်နှစ်နှစ် ဝယ်မလဲ ရွေးပြီး ငွေချေရုံပါပဲ။ ဒီမှာ Add hidden whois service ဆိုတာက ဒီ ဒိုမိန်းကို ကိုယ်ဝယ်ထားတာ လူမသိ စေချင်ရင် ပိုင်ရှင် နာမည် ဝှက်ထားနိုင်ပါတယ်။ ဒီ့အတွက်က တစ်နှစ်ကို US$ 0.50 ပါ။
ဒီ domainsite.com ကနေ .mm domain တွေကိုတော့ ဝယ်လို့  မရပါဘူး။ ဒီ .mm domain တွေရဲ့ ပိုင်ရှင်က မြန်မာ့ ဆက်သွယ်ရေး (အရင်ကတော့ ပုဂံနက်) ဖြစ်လို့  ဒီ .mm တွေ လိုချင်ရင်တော့ မြန်မာ့ ဆက်သွယ်ရေးကို စုံစမ်းကြည့်ပါ။
နောက်တစ်ပတ်တော့ web hosting အကြောင်း မပြောမီ ပြည်ပရောက် မြန်မာ များအတွက် မြန်မာ လက်ဖက်ရည် ကောင်းကောင်း ဘယ်လို ဖျော်ရမလဲ ဆိုတာ ကြားဖြတ်ပြီး ပြောပါ့မယ်။ အဝေးရောက် မြန်မာများ အမိမြေ အလွမ်းပြေ လက်ဖက်ရေ ဖျော်သောက် ရအောင်ပါ။
Related posts:
- Setting up your domain name server အလုပ်တွေ ရှုပ်နေတာနဲ့  ပြောလက်စ web hosting အကြောင်း မပြောဖြစ်တာ တော်တော် ကြာ သွားပြီ။ ဒီတစ်ပတ်တော့ နဲနဲ...
- Signing up for web hosting ကဲ၊ ဒီအပတ်တော့ web site sign up လုပ်တဲ့ အကြောင်း ပြောကြရအောင်။ စိတ်ကြိုက်...
- Web hosting for Myanmar There are very few articles written about web hosting in...
- New link directory testing I am now testing a new link directory to use...
- Writing in Myanmar on the World Wide Web မြန်မာလိုရေးကြမယ်။ Web ပေါ်မှာ မြန်မာလို ရေးရတာ လွယ်မယောင်နဲ့ခက်၊ ခက်မယောင်နဲ့ လွယ်ပါတယ်။ Blogger ရဲ့...
Do you like this post? Perhaps you might want to subscribe to my blog.
Add your comment below, or trackback from your own site.
Subscribe to these comments.
Be nice. Keep it clean. Stay on topic. No spam.
You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>