ဒီအပတ်တော့ web hosting ကောင်းကောင်း ဘယ်လို ရှာမလဲ ဆိုတာ ပြောပါ့မယ်။
Web hosting လို့ ပြောရင် ဘယ်လို operating system သုံးလဲ ဆိုတာ အရင် ပြောရပါမယ်။ internet web server အများစုက windows server သို့ မဟုတ် linux server သုံးကြတာ များပါတယ်။ ကိုယ့် web page တွေကို ဘာနဲ့  ရေးမှာလဲ ဆိုတာပေါ် မူတည်ပြီး windows server or linux server ကို ရွေးရပါမယ်။ html နဲ့ ပဲ ရေးမယ် ဆိုရင် တော့ ဘာ ဆာဗာ သုံးသုံး ပြဿနာ မရှိပါဘူးး။ ASP pages တွေ သုံးမယ်ဆိုရင်တော့ windows server သုံးရပါမယ်။ အခု ခေတ်စားနေတဲ့ PHP သုံးမယ်ဆိုရင်တော့ linux server သုံးရပါ့မယ်။ web hosting အားလုံး နီးပါးက linux hosting ပေးပါတယ်။ windows server ကတော့ အချို့  web hosting company တွေကပဲ ပေးပါတယ်။ အင်တာနက်ပေါ်က web site အများစု ကလဲ linux server ပေါ်မှာ run လုပ်တာပါ။ ဒီ ဗမာလေး ဆိုက်ကိုလဲ linux server ပေါ်မှာ တင်ထားတာပါ။
ကောင်းပါပြီ။ အခု server management software အကြောင်း ပြောကြရအောင်။ windows server အကြောင်းတော့ ကျွန်တော်လဲ မသိတော့ ချန်ထား ခဲ့ပါ့မယ်။ linux server အကြောင်း ပြောကြရအောင်။ linux server မှာ ဆာဗာကို (တစ်ကယ်တော့ web site manager ပါ) manage လုပ်တဲ့ software လိုပါတယ်။ ဒီနေရာမှာ အထူး တိုက်တွန်းလိုတာကတော့ cPanel ပါ။ သူက သုံးရလဲ အလွန်လွယ် စိတ်လဲ ချရပါတယ်။ ဒါ့ကြောင့် hosting ရွေးရင် cPanel ပေးတဲ့ web hosting service ကို ရွေးသင့်ပါတယ်။ cPanel ကိုတော့ linux operating system မှာပဲ ရနိုင်ပါတယ်။ နောက် cPanel မှာ PHP နဲ့  MySQL database server ပါပြီးသား ဆိုတော့ အခု ခေတ်စားနေတဲ့ CMS (Content Management System) တွေဖြစ်တဲ့ Drupal, Joomla နောက်ပြီး blog software တွေဖြစ်တဲ့ wordpress, Nucleus, B2revolution စတာတွေ အလွယ်တကူ တင်နိုင်ပါတယ်။
cPanel နဲ့ အတူ ပါသင့်တာကတော့ Fantasco ပါ။ သူက အခုနက ပြောခဲ့တဲ့ CMS တွေအပြင် အခြား နာမည်ကျော် open source forum, ecommerce, directory software တွေကို automatic တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် cPanel and Fantastico ကတော့ မရှိမဖြစ် ပါသင့်ပါတယ်။
နောက်တစ်ခုက reseller or main host ပါ။ Reseller က ဈေးသက်သာပါတယ်။ Main host က ဈေး နဲနဲ ပို ကြီးပါတယ်။ ဒါပေမယ့် ပိုစိတ်ချရ ပါတယ်။ အကယ်လို့  အင်တာနက် ပေါ်ကတဆင့် ငွေချေဖို့  အဆင်ပြေမယ် ဆိုရင်တော့ main host ကို ရွေးသင့်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ မြန်မာ ပြည်တွင်းက reseller တစ်ခုခုကို မေးကြည့်ကြပါ။ (ကျွန်တော်ကတော့ အလုပ်မအားလို့  ကျွန်တော့် reseller site ပေါ်မှာ တင်မပေးနိုင်တာ ခွင့်လွတ်ကြပါ။) အပေါ်က ကျွန်တော် ပြောခဲ့တဲ့ features တွေ ပါမပါ သေသေချာချာ မေးပြီးမှ ဝယ်ကြပါ။
ဒီတစ်ပါတ်တော့ ဒီလောက်ပါပဲ။ နောက်တစ်ပါတ်မှ အလွန် အရေးကြီးတဲ့ disk space and bandwidth အကြောင်း ပြောပါ့မယ်။
Related posts:
- Web hosting basic – disk space and bandwidth အရင် အပါတ်က web hosting service ကို ဘယ်လို ရွေးချယ် ရမလဲ...
- Web hosting for Myanmar There are very few articles written about web hosting in...
- Bamarlay now hosted on a new webhost Bamarly.com has successfully moved to a new server. The migration...
- Signing up for web hosting ကဲ၊ ဒီအပတ်တော့ web site sign up လုပ်တဲ့ အကြောင်း ပြောကြရအောင်။ စိတ်ကြိုက်...
- Setting up your domain name server အလုပ်တွေ ရှုပ်နေတာနဲ့  ပြောလက်စ web hosting အကြောင်း မပြောဖြစ်တာ တော်တော် ကြာ သွားပြီ။ ဒီတစ်ပတ်တော့ နဲနဲ...
Do you like this post? Perhaps you might want to subscribe to my blog.

Dear Ko Bamarlay,
Thank you very much for this post about domain and hosting.
Min Lwin
Reply