ကလေး – တမူး ကားလမ်း
ကလေး – တမူး ကားတွေ ကလေး မြို့တွင်း ကားလေးဝင်း ကနေ နေ့စဉ် ထွက်ပါတယ်။ Van (Town Ace) နဲ့ မှန်လုံ ကားတွေ ပြေးဆွဲပါတယ်။ ကားကြီးတွေလဲ ပြေးဆွဲပေမယ့် ကုန်အဓိက တင်တဲ့ အတွက် လူစီးလို့ အဆင် မပြေပါဘူး။ Van ကား ၂၅၀၀ ကျပ်၊ မှန်လုံ ၂၀၀၀ ကျပ် ဖြစ်ပါတယ်။ ကလေးက နေ့စဉ် နံနက် ၇ နာရီ နဲ့ နေ့လယ် ၂ နာရီ ထွက်ပြီး၊ တမူးကနေ နံနက် ၉ နာရီနဲ့ နေ့လယ် ၂ နာရီ ထွက်ပါတယ်။
ကလေးက ကားမထွက်မီ မှတ်ပုံတင် တွေကို ကားမောင်းသူထံ အပ်နှံ ရပါတယ်။ ကလေး အထွက် စစ်ဆေးခြင်း မရှိပါ။ ကားလမ်းမှာ အထူးပင် ကောင်းမွန်ပါတယ်။ အိန္ဒိယ အကူအညီနဲ့ ဖေါက်လုပ် ထားတာလို့ သိရပါတယ်။ အချို့ နေရာတွေမှာ ကျင်း၊ ချိုင့် အနည်းငယ် ရှိသည်မှ အပ တော်တော် ကောင်းပါတယ်။
နှစ်လမ်းမောင်း ဖြစ်ပြီး လမ်းညွှန် ဆိုင်ဘုတ်များ ပြည့်စုံစွာ ရှိပါတယ်။
ကလေးက မိုင် (၆၀) ခန့်မှာ ခန်းပတ် မြီု့နယ်ခွဲကို ရောက်ရှိပါတယ်။ ခန်းပတ်မှာ ကားတွေ ခဏ ရပ်နားပြီး convoy ဖွဲ့၍ ရဲ၊ တပ် အစောင့် အရှောက်နဲ့ သွားရပါတယ်။ ခန်ပတ်မှ တမူး အထိ မိုင် (၃၀) ခန့်မှာ အိန္ဒိယ နယ်စပ်မျဉ်း တလျှောက် ဖောက်လုပ် ထားတာ ဖြစ်ပါတယ်။ တဖက်နိုင်ငံမှာ မဏိပူရ ခွဲထွက်ရေး သူပုန်တွေ လှုပ်ရှား နေတဲ့ အတွက် အစောင့် လိုက်ရတာပါ။ မြန်မာနိုင်ငံ ဖက်ခြမ်းမှာတော့ အေးချမ်းပါတယ်။
ကလေး – တမူး လမ်းပေါ်က ရွာတွေ ကြီးမားပြီး အိမ်ကြီး၊ အိမ်ကောင်း တွေလဲ ပေါပါတယ်။ စီးပွားရေး ကောင်းဟန် ရှိပါတယ်။ ချင်းအမျိုးသားတွေ အများအပြား နေထိုင်ကြပြီး ခရစ်ယာန် ဘုရားကျောင်းတွေ ရွာတိုင်းလိုလို ရှိပါတယ်။ လယ်ယာ မြေကောင်းတွေ ပေါများပါတယ်။
တမူးမြို့ အဝင်မှာ ကားဝင်း ရှိပါတယ်။ လမ်းမကြီး ဘေးမှာပါ။ ခရီးသည်တင် ကားနဲ့ ကုန်ကားတွေ ကိုပဲ စစ်ဆေးပြီး ဆိုင်ကယ်၊ စက်ဘီးတွေ ကတော့ လွတ်လပ်စွာ သွားလာနေ ကြပါတယ်။ ကားဝင်းက မထွက်မီ ခရီးသည် တွေရဲ့ ခရီးဆောင် အိတ်တွေကို စစ်ဆေးပါတယ်။ ပြီးတော့ မှတ်ပုံတင် တွေကို လဝက ကပြန်ပေးပါတယ်။
ကားဝင်း အပြင်ဖက်မှာ ဆိုက်ကားငှားပြီး တမူး မြို့တွင်းကို သွားနိုင်ပါတယ်။ လူနေ အိမ်ခြေ တွေက ကားဝင်းကို ကျော်ပြီး ရှိနေပါတယ်။ ကလေး – တမူး လမ်းဟာ အဆင်ပြေပြေ၊ သက်တောင့် သက်သာ သွားနိုင်တဲ့ ခရီးပါ။
Technorati Tag : Tamu, Kabaw Valley, Myanmar, Burma, India Burma Border, Kalay Myo
Related posts:
- Kalay Tamu Highway Buses to Tamu leave every day from the bus terminal...
- Kalay Falam Hakha Road (1) ကလေး – ဖလမ်း – ဟားခါးလမ်း (၁) ကလေးကနေ ဖလမ်းကို ဖြတ်ပြီး ဟားခါးကို...
- Kalay Myo ကလေးမြို့ ချင်းတွင်းမြစ်ရဲ့ အနောက်ခြမ်းမှာ ရှိတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဟာ အတော်ကြီးတဲ့ မြို့ကြီးတစ်မြီု့ပါ။ အိန္ဒိယ နယ်စပ်...
- Tamu, Kabaw Valley တမူးမြို့ တမူးမြို့ဟာ ကဘော်ချိုင့်ဝှမ်းက မြို့တစ်မြို့ ဖြစ်ပါတယ်။ အိန္ဒိယ မြန်မာ နယ်စပ် အနီး တည်ရှိပြီး...
- Internet Cafe in Kalay Myo ကလေးမြို့က Internet Cafe ကလေးမြို့မှာ Internet အသုံးပြုနိုင်ပါတယ်။ လက်ရှိ Internet Cafe နှစ်ခုရှိပါတယ်။...
Do you like this post? Perhaps you might want to subscribe to my blog.


Add your comment below, or trackback from your own site.
Subscribe to these comments.
Be nice. Keep it clean. Stay on topic. No spam.
You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>