ကလေး – ဖလမ်း – ဟားခါးလမ်း (၁)
ကလေးကနေ ဖလမ်းကို ဖြတ်ပြီး ဟားခါးကို မှန်လုံကားတွေ နေ့စဉ် (တနင်္ဂနွေ မှအပ) ပြေးဆွဲပါတယ်။ တစ်ပတ် (၆) ရက်ပါ။ ချင်းတောင်တန်း လိုင်းနဲ့ ရွှေခြင်္သေ့ လိုင်းဆိုပြီး နှစ်လိုင်း ရှိပါတယ်။ နေ့စဉ် တစ်စီးစီ ထွက်ပါတယ်။ ဟားခါးကလဲ တစ်စီးစီ ထွက်ပါတယ်။
ကလေးက မနက် (၅) နာရီ ကားတွေ စထွက်ပါတယ်။ ကလေးမြို့တွင်း လူတင် နေတာကြောင့် ကလေးက ထွက်တဲ့ အချိန်မှာ မနက် (၆) နာရီ ရှိပါပြီ။ ကလေးမြို့က စထွက်ထွက်ချင်း ချင်းပြည်နယ်ထဲ ရောက်ပါတယ်။ ၁၀ မိနစ်ခန့် သွားပြီးတော့ တောင်ခါးပန်း တစ်ခုနားက အထိမ်း အမှတ် ကျောက်တိုင်မှာ ကားရပ်ပြီး ခရစ်ယာန် ဘာသာ ထုံးစံအတိုင်း ဆုတောင်း ကြပါတယ်။ ချင်းလိုပါ။ ချင်းပြည်နယ်မှာ မိသားစု ဝင်တွေ၊ အကြီးအကဲတွေ
ခရီးထွက် တဲ့အခါ လမ်းခရီးမှာ ဘေးကင်းစေဖို့ မိသားစု ဝင်တွေ၊ လက်အောက် ငယ်သားတွေက ဒီလိုပဲ ဆုတောင်းပေး ကြပါတယ်။ အင်မတန် ချစ်စရာ ကောင်းတဲ့ ဓလေ့ တစ်ခုပါ။
လမ်းက ကတ္တရာ ခင်းလမ်း ဖြစ်ပြီး ကောင်းပါတယ်။ မြေသားမာပြီး ကျင်း၊ ချိုင့် နဲပါတယ်။ မနက် (၈)နာရီမှာ ၃၂ မိုင်က သိုင်းငင်းရွာကို ရောက်ပါတယ်။ ဒီနေရာမှာ တီးတိန် လမ်းခွဲ ရှိပါတယ်။ ကလေးက တီးတိန် သွားမယ့် လူတွေက ညာဖက် လမ်းခွဲ အတိုင်း သွားကြရပါတယ်။
မနက် (၈:၄၀) နာရီမှာ ၄၂ မိုင်က ဗားလုံရွာကို ရောက်ပါတယ်။ ဒီရွာမှာ မနက်စာ စားကြပါတယ်။ ချယ်ရီ စားသောက်ဆိုင် မှာပါ။ မနက်စောသေးလို့ ကျွန်တော်ကတော့ မစားဖြစ်ပါ။ ဗားလုံက ဆက်ထွက်တော့ မနက် (၉) နာရီ ကျော်နေပါပြီ။ အထွက်မှာ လမ်းအတော် ဆိုးပါတယ်။ လမ်းတော့ ပြင်နေ ကြပါတယ်။
မိုင် ၅၀ မှာ ရိဒ် လမ်းခွဲ ရှိပါတယ်။ လမ်းကတော့ မြေလမ်းပါ။ ဝန်တင်လား တွေနဲ့ လားဝန်တင် ကုန်သည် အချို့လဲ တွေ့ခဲ့ ရပါတယ်။
၅၃ မိုင်က ဖလမ်းမြို့နယ်၊ လုံတောကျေးရွာ အုပ်စု တဝိုက်မှာ လှေခါးထစ် တောင်ယာတွေ အများအပြား တွေ့ရပါတယ်။ ဒီကနေ ဟားခါးအထိ လမ်းတလျှောက် လှေခါးထစ် တောင်ယာခင်း အများ အပြား စိုက်ပျိုး ထားတာ တွေ့ရပါတယ်။
၅၉ မို်င်မှာ လုံဗန်း ကျေးရွာ ရှိပါတယ်။ အတော် ကြီးမားတဲ့ ကျေးရွာကြီး ဖြစ်ပြီး အထက်တန်း ကျောင်းနဲ့ တိုက်တယ် ဆေးရုံတို့ ရှိပါတယ်။ လှေခါးထစ် တောင်ယာ များလဲ အများ အပြား တွေ့ရပါတယ်။ ကျေးရွာရဲ့ အခြေ အနေ အရ အတော် စီးပွားရေး ကောင်းမယ်လို့ ယူဆ ရပါတယ်။
လုံဗန်း ကျေးရွာက လွန်ပြီး လမ်းက ပြန်နိမ့် ဆင်းသွားပါတယ်။ မွေလိမ် မွေကောက် ဆင်းသွားပြီး မိုင် ၇၀ မှာ မဏိပူရ မြစ်ကို ဖြတ်ကူးတဲ့ ဘားတံတား ရောက်ပါတယ်။ မနက် (၁၁:၄၅) ရှိပါပြီ။ နောက်ထပ် ၁၀ မိုင်လောက် ဆက်သွားပြီး ဖလမ်းကို (၁၂:၁၅) ခန့်မှာ ရောက်ပါတယ်။
Technorati Tag : Chin Hills, Chin State, Myanmar, Burma, Hakha,
Related posts:
- Kalay Falam Hakha Road (2) ကလေး – ဖလမ်း – ဟားခါးလမ်း (၂) ဖလမ်းမြို့ဟာ သန့်ရှင်းပြီး သေသပ် လှပတဲ့...
- Kalay Falam Hakha Road Buses leave Kalay to Hakha everyday from Tarhan Bus...
- Hakha, The Capital of Chin Hills ချင်းတို့မြို့တော် ဟားခါး Hakha - Capital of Chin Hills ချင်းပြည်နယ်ရဲ့ မြို့တော်...
- Kalay Myo ကလေးမြို့ ချင်းတွင်းမြစ်ရဲ့ အနောက်ခြမ်းမှာ ရှိတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဟာ အတော်ကြီးတဲ့ မြို့ကြီးတစ်မြီု့ပါ။ အိန္ဒိယ နယ်စပ်...
- Kalay Tamu Highway ကလေး – တမူး ကားလမ်း ကလေး – တမူး ကားတွေ ကလေး မြို့တွင်း...
Do you like this post? Perhaps you might want to subscribe to my blog.



Add your comment below, or trackback from your own site.
Subscribe to these comments.
Be nice. Keep it clean. Stay on topic. No spam.
You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>