ကလေးမြို့
ချင်းတွင်းမြစ်ရဲ့ အနောက်ခြမ်းမှာ ရှိတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဟာ အတော်ကြီးတဲ့ မြို့ကြီးတစ်မြီု့ပါ။ အိန္ဒိယ နယ်စပ် တမူး ကုန်သွယ်ရေး လမ်းပေါ်က အချက်အချာ ကျတဲ့ မြို့ကြီးတစ်မြို့ ဖြစ်သလို ချင်းပြည်နယ်
မြောက်ပိုင်း မြို့တွေဖြစ်တဲ့ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ မြို့တွေရဲ့ ဝင်ပေါက်လဲ ဖြစ်တဲ့အတွက် အလွန်ပဲ စည်ကားလှပါတယ်။
ကလေးမြို့ဟာ ကြီးမားကျယ်ပြန့်ပြီး လူဦးရေလဲ များပြားပါတယ်။ ရပ်ကွက်ကြီး (၄) ခုရှိပြီး တာဟန်း ရပ်ကွက်ကတော့ နာမည်ကျော်ပါတယ်။ ချင်းလူမျိုး အများအပြား နေထိုင်ကြပြီး မြို့ လူဦးရေရဲ့ ထက်ဝက်ခန့် ရှိပါတယ်။ ကလေးက ချင်းအများစုဟာ ချင်းပြည်နယ် မြောက်ပိုင်းက ဖြစ်ပြီး တီးတိန်က အများဆုံးပါ။
အားလုံးလိုလို ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ လူနေမှု အဆင့်မြင့်မားပြီး ဝတ်စား
ဆင်ယင်မှုလဲ ခေတ်မှီ ကြပါတယ်။
ကလေးကို မန္တလေး ကတဆင့် ကားနဲ့ သွားနိုင်သလို လေယာဉ်နဲ့လဲ သွားနိုင်ပါတယ်။ Air Bagan က တစ်ပါတ် (၂) ကြိမ် ပျံသန်းပါတယ်။ လက်မှတ်ခက ၆၈၀၀၀ ကျပ် ဖြစ်ပါတယ်။
ကလေးက ဟားခါး၊ တီးတိန်၊ တွန်းဇံ မှန်လုံကားတွေ နေ့စဉ်ထွက်ပါတယ်။ ကားကြီးဝင်း ကပါ။ တမူးကား တွေကတော့ ကားလေးဝင်းက နေ့စဉ် ထွက်ပါတယ်။
လေယာဉ်ကွင်းရှေ့မှာ တောင်ဇလပ်ဟိုတယ် ရှိပါတယ်။ ကားကြီးဝင်း အနားက ချင်းတောင်တန်း တည်းခိုခန်း ကတော့ သန့်ရှင်းသပ်ရပ်ပြီး ဈေးနှုန်း ချိုသာပါတယ်။ တစ်ဦးကို (၁၅၀၀) ကျပ်ပါ။ မနက်စောစော ဖလမ်း၊ ဟားခါးကား စီးမယ့် လူတွေအတွက် တည်းခိုဖို့ အဆင်ပြေပါတယ်။
Technorati Tag : Kalay Myo, Myanmar, Burma
Related posts:
- Kalay Falam Hakha Road (1) ကလေး – ဖလမ်း – ဟားခါးလမ်း (၁) ကလေးကနေ ဖလမ်းကို ဖြတ်ပြီး ဟားခါးကို...
- Internet Cafe in Kalay Myo ကလေးမြို့က Internet Cafe ကလေးမြို့မှာ Internet အသုံးပြုနိုင်ပါတယ်။ လက်ရှိ Internet Cafe နှစ်ခုရှိပါတယ်။...
- Kalay Falam Hakha Road (2) ကလေး – ဖလမ်း – ဟားခါးလမ်း (၂) ဖလမ်းမြို့ဟာ သန့်ရှင်းပြီး သေသပ် လှပတဲ့...
- Kalay Tamu Highway ကလေး – တမူး ကားလမ်း ကလေး – တမူး ကားတွေ ကလေး မြို့တွင်း...
- Falam ဖလမ်းမြို့ ဖလမ်းဟာ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းခရိုင်ရဲ့ မြို့တော် ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ မြောက်ပိုင်း ဖလမ်းခရိုင်နဲ့...
Do you like this post? Perhaps you might want to subscribe to my blog.
Add your comment below, or trackback from your own site.
Subscribe to these comments.
Be nice. Keep it clean. Stay on topic. No spam.
You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>