ချင်းတောင်ပေါ်က ခရီးသွား
မြန်မာပြည် အစွန်အဖျား ဒေသတွေမှာ ခရီးသွားရတာ သိပ်မလွယ်ပါဘူး။ အစွန်အဖျား ဒေသတွေဟာ အများအားဖြင့် လမ်းပန်း ဆက်သွယ်ရေးလဲ ခက်ခဲ ကြပါတယ်။ ချင်းတောင်တန်းတွေပေါ်မှာ ဒီပုံမှာ မြင်ရတဲ့ ဂျစ်ကားလေး မျိုးတွေနဲ့ ခရီးသွား ကြရပါတယ်။ မြန်မာပြည် နေရာ တော်တော်များများမှာ မှန်လုံ အမြန်ယာဉ် လေးတွေ ပြေးဆွဲ နေကြပြီ ဖြစ်ပေမယ့် ကျုပ်တို့ ချင်းတောင်မှာတော့ ဒီလို ဂျစ်ကားလေးတွေ သုံးနေရ တုံးပါ။ ခရီးသွားတဲ့ လူဦးရေ ကလဲ နည်းတော့ ကားတွေက နေ့တိုင်း မသွားပါဘူး။ ခရီးသည် ပြည့်မှ ထွက်ကြတာ ဆိုတော့ နှစ်ရက် တစ်ခါ၊ သုံးရက်တစ်ခါ မှပဲ ကားထွက်ကြပါတယ်။ လူအပြည့်၊ ကုန်အပြည့်နဲ့ တော်တော်တော့ ကြောက်စရာ ကောင်းပါတယ်။ လမ်းခရီးက တောင်တက် တောင်ဆင်း များတော့ အန္တရာယ် အလွန် များပါတယ်။ ဒါပေမယ့်လဲ မသွား မဖြစ်တော့လဲ သွားနေကြရ တာပါပဲ။
တောင်ပေါ်လမ်းလေးတွေက တမျိုးတော့ ပျေုာ်စရာ ကောင်းပါတယ်။ စိတ်ဝင်စား စရာလဲ ကောင်းပါတယ်။ ရာသီဥတုက အရမ်းကို သာယာပြီး တောထူထူ၊ တောင်ထူထူ ဆိုတော့ အရမ်းပဲ လှပါတယ်။ ပင်ပန်းပေမယ့် ပင်ပန်းရကျိုး နပ်ပါတယ်။ ချင်းတောင်တန်းတွေ ပေါ်မှာ ရောက်ဖူးသမျှ နေရာတွေ ထဲမှာ သဘော အကျဆုံး နေရာကတော့ ကလေး-ဖလမ်း လမ်းပေါ်က မဏိပူရ (Manipur River) မြစ်ကူးတံတား နေရာပါပဲ။ ပေ ၅၀၀၀ ကျော်လောက်ကနေ ပေ ၁၀၀၀ အောက်လောက်ကို မွေလိမ် မွေကောက် လမ်းလေးအတိုင်း ဆင်းသွား၊ ပြီးတော့ မဏိပူရ မြစ်ကိုကူး၊ ပြီးတော့ ပေ ၅၀၀၀ ကျော်လောက်ကို ပြန်တက် ရတဲ့ ခရီးလမ်း နေရာလေးဟာ အရမ်းကို လှလွန်းလို့ တစ်သက် မမေ့နိုင် စရာ Scenery လေးပါ။ တစ်ခါတစ်ခေါက်တော့ အရောက် လာလည် စေချင်ပါတယ်။
Technorati Tag : Chin Hills, Chin State, Myanmar, Burma
Related posts:
- Hakha, The Capital of Chin Hills ချင်းတို့မြို့တော် ဟားခါး Hakha - Capital of Chin Hills ချင်းပြည်နယ်ရဲ့...
- Welcome to Chin Land – The most famous song about Chin Hills and Chin Land The most famous song about Chin Hills and Chin Land,...
- Trapped in Chin Hills It is pretty boring in Chin Hills. No where to...
- Chin Hills Here is a group of local people in a small...
- Hakha, The Capital of Chin Hills Hakha, the capital of Chin State, is situated in...
Do you like this post? Perhaps you might want to subscribe to my blog.

I just read your interesting journal entry on traveling to the Chin Hills. You should post more photos of the beautiful scenery there!
Reply