Myanmar Soccer – A new blog about Myanmar football and soccer news as well as English Premiere League and world football news.
Myanmar Photo Index – A weblog dedicated to beautiful photos of Myanmar scenery, culture and beauties.
Thant Zin Oo – A personal weblog of a Myanmar man from Singapore.
Hello Friends – A personal weblog of Wai Phyo, Myanmar guy from Singapore.
Myanmar Posts – A blog dedicated to Myanmar poems written by Myanmar (Burmese).
Thant Zin – A personal weblog of Thant Zin, probably the same authour as Thant Zin Oo above.
My Blog(Swe Zin Lei) – A personal blog of a Myanmar lady from Singapore.
Tint Tint Khine – A personal weblog of a Myanmar lady from Singapore.
Related posts:
- More Myanmar (Burma) Blogs Myanmar View – An excellent blog about various travel destinations...
- More Interesting Myanmar Websites Wyne Su Khine Thein – The personal website of a...
- Myanmar Weblogs (Blogs) Here are some Myanmar weblogs (Blogs) I come across while...
- One thing I hate about Myanmar sites and blogs There are now a number of Myanmar web sites and...
- SP Myanmar Recently I come across a web site of the old...
Do you like this post? Perhaps you might want to subscribe to my blog.

ယုတ်မာပက်စက်ကောက်ကျစ်သော အယ်ဒီတာချုပ် အယောင်ဆောင် လူ့အခွင့်အရေးချိုးဖောက်ဖျက်စီးသူတစ်ဦးနှင့် အဆိပ်သင့်နေသောကလေးမဂ္ဂဇင်း
—— ငထွား —–
အခုတစ်လော ၃ဂ လမ်းနဲ့ ၃၃ လမ်း စတဲ့စာပေလမ်းတွေမှာ ရေပမ်းစားလာတဲ့ လူမဆန်ရိုင်းပြမှုတစ်ကို
အားလုံးသောစာဖတ်သူအပေါင်း သိရှိသင့်တယ်ထင်လို့ ငထွားက ခါးနာရင်းနဲ့ပဲ ကြားကနေပြီး တင်ပြပေးလိုက်ရပါတယ်။
ဆက်လက်ရှုစား ဖတ်ရှုတော်မူကြပါကုန် …
တစ်နေ့ ငထွားက စာပေလမ်းထဲမျက်စိလည်သွားတော့ အသစ်စက်စက် အလုပ်ပြုတ်လာတဲ့
အယ်ဒီတာတစ်ဦးနဲ့ ဒီဇိုင်းနာတစ်ဦးကို ခလုပ်တိုက်မိသွားပါတယ်။ အဲဒီမှာ အခုရေးသားနေတဲ့
Post လေး ဖြစ်တည်လာပါတော့တယ်။
မဂ္ဂဇင်းရဲ့နာမည်က ဘုရားသားတော်ရဲ့ နာမည်ကိုယူပြီး အရေခြုံထားတဲ့ ရာဟုလာ ကလေးရုပ်စုံမဂ္ဂဇင်းလို့ခေါ်တာ သူရို့မဂ္ဂဇင်းဖွင့်ပွဲကတည်းက သိခဲ့ရပါတယ်။
ကလေးလေးတွေရဲ့ဘ၀စာမျက်နှာကို သူမတူအောင်လှပစေလိုပါတယ်လို့ မဂ္ဂဇင်းဖွင့်ပွဲမှာ ကြွေးကျော်ခဲ့ပြီး သူလုပ်နေတဲ့ဆောက်လုပ်ရေးလုပ်ငန်းက သူ့တပည့်ဖြစ်သူတွေဟာ ကံငါးပါး၊ ငရဲဘယ်နှထပ်၊
နတ်ပြည်ဘယ်နှထပ် ဆိုတာတောင်မသိကြလို့ ဒီစာအုပ်ကိုထုတ်ရတာပါဆိုပြီး အများသူငါ၊ မင်းပရိသတ်အလယ်မှာ တပည့်တွေကိုအရှက်ခွဲရင်း ရယ်ပွဲဖွဲ့ရက်နိုင်ခဲ့တဲ့ နှလုံးသားပိုင်ရှင်ကတော့ စာနယ်ဇင်းအရည်အသွေးတစ်စက်မျှမရှိပဲ ရာဟုလာမဂ္ဂဇင်းအယ်ဒီတာချုပ်ရာထူးကို ငွေရှင်အယောင်ဆောင်ပြီးယူထားခဲ့တဲ့ ဇော်လင်းမြင့်ဆိုသူပါပဲ။
ကလေးတွေယဉ်ကျေးလိမ္မာဖို့ဆိုတဲ့ဆောင်ပုဒ်နဲ့ မဂ္ဂဇင်းကို လှလှပပမိတ်ကပ်လိမ်းထားခဲ့တဲ့ ဇော်လင်းမြင့်ရဲ့ သားစားကြူးတဲ့ လူ့ဘီလူးမျက်နှာဖုံးဟာ သူ့လုပ်ငန်းထဲက ၀န်ထမ်းမိန်းကလေးတစ်ဦးကို ဖျက်ဆီးလိုက်တယ် ဆိုတဲ့အပုပ်နံ့နဲ့အတူ ကံငါးပါးကို သူကိုယ်တိုင် ပထမဦးဆုံး ချိုးဖောက်ပြီး အမှတ် ၁၊ အတွဲ ၁၊ စာအုပ် ထွက်လာခဲ့တာကိုတွေ့ရပါတယ်။ လူမှုရေးစည်းမလုံခြုံတာ သူတစ်ပါးသားပျိုမယားပျိုဖျက်ဆီးတာ ဘယ်လိုအပြစ်မျိုးဖြစ်ရတယ်၊ ဘယ်လိုငရဲမျိုးရောက်ရတယ်ဆိုတာတော့ ထူးထွေပြီးပြောမနေတော့ပါဘူး။
ပထမစာအုပ်ကို မထုတ်ဝေခင်မှာကတည်းက အယ်ဒီတာနှစ်ဦးကို နစ်နာကြေးမပေးပဲ အကြောင်းမရှိအကြောင်းရှာ ထုတ်ပစ်ခဲ့ဖူးတယ်လို့သိရတော့ ငထွားရဲ့ခါးကလည်း ပိုနာလာရပါတယ်။ ကျွန်တော်တို့ ကြားဖူးနေကျ ပုံပြင်တွေထဲကလိုပါပဲ သိုးယောင်ဆောင်ထားတဲ့ ခွေးအဟာ မသိနားမလည်တဲ့သိုးတွေကို တစ်ကောင်ပြီးတစ်ကောင်ပွဲတော်တည်နေတဲ့အတိုင်းပါပဲ သိပ်မကြာခင်မှာပဲ ပြင်ပဆက်သွယ်ရေးတစ်ဦးနဲ့ ဒီဇိုင်းနာတစ်ဦးကို သူ့ပရိယာယ်နဲ့ လွယ်လွယ်ကူကူထုတ်ပစ်လိုက်ပြီး၊ နောက်ဆက်တွဲ Marketing ကြော်ငြာဝန်ထမ်းတစ်ဦးကိုလည်း ထုံးစံအတိုင်း နစ်နစ်နာကြေးမပေးပဲ ထုတ်ပစ်လိုက်ပြန်ပါတယ်။ ငထွား ခါးကလည်း အလုပ်ရှင် အလုပ်သမား အက်ဥပဒေ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လာရင် ပိုပိုပြီးနာလာရတော့တယ်။ ဘာကြောင့်များ ၀န်ထမ်းကောင်းတွေဟာ အလုပ်ရှင်ဆိုးတွေ နှိပ်စက်သမျှ ဘာမျှမတုန့်ပြန်ပဲ နေနေကြသလဲလို့လည်း ဒေါသဖြစ်မိပါရဲ့ဗျာ။ တတ်နိုင်ရင်တော့လည်း အခု မြန်မာနိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးအသင်းလိုမျိုး
မြန်မာဝန်ထမ်းစောင့်ရှောက်ရေးအသင်းမျိုးပေါ်ထွန်းစေချင်ပါတယ်။ ပွဲဆူ၊ နေရာယူ၊ စီးပွားအမြတ်ထုတ်တွေမပါကြေးပေါ့ဗျာ။ မကောင်းလား။ ကဲ .. ထားတော့၊ ဆက်ကြရအောင် ရာဟုလာ။
သုံးအုပ်မြောက်အထွက်မှာတော့ ငထွားလည်း ခါးတင်မဟုတ်ပဲ ရင်ပါနာလာရတော့တယ်။ ဒီတစ်ခါတော့ အလုပ်ရပ်ဆိုင်းခံရတဲ့သူက တာဝန်ခံနေရာကိုယူထားတဲ့ ကျွန်တော့သူငယ်ချင်းဖြစ်နေလို့ပါပဲ။ သွေးကနီးသွားပြီလေ။ စာပေလောကထဲမှာ ညီရင်းအစ်ကိုတွေလိုနေ့စဉ်တွေ့နေကျ၊ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်တွေပေါ့။ လူအေး၊ လူမှန်၊ ရိုးသားသူတစ်ဦးပါပဲ။ ခက်တယ်ဗျာ .. လူအသိနည်းသေးတဲ့ကလောင်ရှင်တွေ၊ အယ်ဒီတာ ဒီဇိုင်းနာတွေရပ်ဆိုင်းခံရတာက နစ်နာကြေးမရတာ၊ လူမဆန် လူသားအခွင့်အရေးချိုးဖောက်ခံရတာလောက်ပဲဖြစ်ပေမယ့် နာမည်ရှိပြီး လူသိများသူတွေအဖို့မှာတော့ အကြောင်းမဲ့သက်သက် သိက္ခာပါ ချိုးဖဲ့ခံရတာပါပဲ။ ဒါကိုအလုပ်ရှင်ဆိုးတွေ၊ ကောက်ကျစ်တဲ့ အလုပ်ရှင်တွေဟာ မသိယောင်ဆောင် သက်သက်မဲ့ ချိုးဖောက်စော်ကားနေတာဟာ မြန်မာ့ယဉ်ကျေးမှု စာပေအနုပညာကို စော်ကားနေတာပါပဲ။ ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက်၊ ပေထက်အက္ခရာ၊ ကျောက်ထက်အက္ခရာတင်ခဲ့သူတွေ စာပေပညာရှင်တွေကို စော်ကားနေတာပါပဲ။
ဒီနေ့ ခလုပ်တိုက်မိတဲ့စကားဝိုင်းက နှစ်ဦးကတော့ အပုပ်နံတွေနဲ့လှိုင်နေတဲ့ ရာဟုလာကလေးရုပ်စုံ မဂ္ဂဇင်းရဲ့ နောက်ဆုံးကျန်ရစ်သူနှစ်ဦးပါပဲ။ အဆိုးဆုံးပဲလို့ပြောရမယ်။ ဆက်လုပ်မယ်လို့အယ်ဒီတာချုပ်ဖြစ်တဲ့ ဇော်လင်းမြင့်က ပြောလို့ အားကြိုးမန်တက်ဆက်လုပ်နေကြရာက လလယ်လောက်မှာ ကြော်ငြာမရရှိမှုနဲ့ စာမူအပြောင်းအလဲတွေကြောင့် လုံးဝရပ်မယ်ဆိုပြီးအပြောခံ၊ အလုပ်ရပ်ဆိုင်းခံလိုက်ရတဲ့နှစ်ဦးပါပဲ။ ဆိုးတယ်ဆိုတာက သူတို့ရဲ့နောက်ဆုံးလ အယ်ဒီတာလစာနဲ့ ဒီဇိုင်းလုပ်ခသတ်မှတ်ကြေးတွေကို ကြေလည်အောင်ရှင်းမပေးဘူးဆိုတာသိရလို့ပါ။ မဆိုးလွန်းဘူးလားဗျာ။ နစ်နာကြေးနေနေသာသာ၊ နောက်ဆုံး
အချိန်မှာတောင် လူ့အခွင့်အရေးကို ပျော့ပျော့လေးနဲ့ အမြတ်ထုတ်ထားသေးတယ်။
ငထွားလည်း ကြားကနေပြီး ခါးနာလိုက်၊ ရင်နာလိုက်နဲ့ သူရို့ရင်ဖွင့်သံနားထောင်ရတာ မျက်နှာတွေပါနာလာတော့တယ်။ ဒေါသဖြစ်လွန်းလို့။
ဒါနဲ့ပဲ ဒေသဆိုင်ရာ ရပ်ကွက်ရုံးကတစ်ဆင့်ခေါ်ယူဆွေးနွေးတောင်းယူဖို့ အကြံပေးခဲ့ပါတယ်။
မဟုတ်ရင်လည်း မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ ဖြစ်ဖြစ်၊ စိစစ်ရေးရုံးကိုပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးကို တိုင်ကြားကြဖို့နဲ့ ထုတ်ဝေခွင့်ကဒ်ကို တားမြစ်နိုင်ကြောင်း အကြံပြုပြီးစကားဝိုင်းကနေမသိမသာ ဖဲခွာခဲ့ရပါတယ်။
ဘာပြုလို့လည်းဆိုတော့ သူရို့ နောက်ဆုံးနှစ်ဦးမှာကိုပဲ တစ်ဦးက မရရင်မဖြစ်ဆိုတဲ့ သဘောရှိနေပြီး
တစ်ဦးကတော့ လမ်းခွဲကို ငြိမ်းချမ်းစွာလမ်းခွဲရေး လေတွေပစ်နေလေတော့ သူရို့နှစ်ဦးသဘောတူညီအောင် အရင်ညှိနိုင်းသင့်တယ်ထင်လို့ပါ။ ကျွန်တော်တို့ မြန်မာလူမျိုးများ ခက်တယ်။ ကိုယ့်မှာသာ စားစရာမရှိ အလုပ်ပြုတ် နေတာတောင် မုဒိတာပွားနိုင်နေသေးတယ်။ သံသရာ မကြောက်တဲ့လူတွေကို သံသရာအထိမစောင့်စေချင်ဘူး။ လက်တွေ့ချက်ခြင်းအကောင်အထည်ဖော်တိုက်ပွဲဝင်ဖို့ ဒီနေရာကပဲ တိုက်တွန်းလိုက်ပါတယ်။ အလုပ်ရှင်ဆိုးတွေ ပပျောက်ပါစေဗျာ။
ဝန်ထမ်းကောင်းများ ဆတက်ထမ်းပိုး ပေါ်ပေါက်ပြီး တိုးတက်ခေတ်မီတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းပါစေသော်ဂ်။
ဝန်ထမ်းကောင်းများအားကာကွယ်လိုသော
ငထွား
အများသူငါအမြင်မတော်တာတွေအတွက် ငထွားဒေါ့ကွမ်း လေးတည်ဆောက်ချင်ပါတယ်။ နည်းပညာရှင်များ အကြံပြုပေးကြပါ။
Reply